Wednesday, July 30, 2008

မန္တလေးက(ရရက)ဖဲသမားများ

လွန်ခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်က blog စာမျက်နှာတစ်ခုမှာ စမ်းချောင်းမြို့နယ်
ဥက္ကဌကိုယ်တိုင်ဖဲရိုက်လို့အဖမ်းခံလိုက်ရတဲ့အကြောင်း ဖတ်လိုက်ရပါတယ်။ အခု
လည်းအလားတူဖြစ်ရပ်မျိုးမန္တလေးမှာပေါ်ပေါက်နေပါတယ်။ နေရာကတော့
အောင်မြေသာဇံမြို့နယ်(အမရဌာနီအနောက်ရပ်ကွက်ကြီး) ရှိ(ရရက)ရုံးမှာပါ။
ရုံးအရှေ့ဝန်းကျင်ရှိဆိုင်းဘုတ်လုပ်သော လူပါ ၀င်ရောက်ကစားရာမှလင်မယား
ချင်းရန်ဖြစ်ပြီး မိန်းမကတိုင်မည်ပြုရာ သူတို့အလုပ်ပြုတ်မည်စိုးကာ ထိုမိန်းမကို
မတိုင်ရန်ခြိမ်းခြောက်ထားကြောင်း ရုံးပတ်ဝန်းကျင်အနီးတစ်ဝိုက်မှလာသော

သတင်းများအရသိရှိရသည်။

SmileyCentral.com

Saturday, July 12, 2008

ဘ၀များစွာနဲ့ရင်းရတဲ့တံတားများ

ကိုလိုနိခေတ်စစ်ကိုင်းတံတား

နအဖ စစ်ကိုင်းတံတား

စစ်ကိုင်းတံတားကို ဆုံးအောင်စစ်ပြန်တော့ - သုံးထောင်နဲ့ ရှစ်ရာ့ငါးဆယ်

ပေ xxxxx မီးရထားလမ်း အကျယ်အ၀န်းအနေမှာ တစ်ဆယ်နဲ့လေးပေ မပိုမစောင်း--

(မော်တော်ကားလမ်းက အမြှောင်စွယ်ကာရယ်) ------ အတောင်နှစ်ဆယ်သာသာ

လူသွားလမ်း ခုနှစ်ပေတား ---------

အုတ်တံတိုင်းကြီးတွေက အကွက်အသွား မြိုင်သည်။ ဟောဟို ----------

အုတ်တံတိုင်းကြီးတွေက အကွက်အသွားမြိုင်လှပါသည် xxxxx တစ်ဆယ်နဲ့ငါးတိုင်

တန်းစဉ်ထားပါလို့ ရုံးပေါင်းနှစ်ဆယ်လမ်းတွင် ထားပါလို့ အခန်းတစ်ဒါဇင်အား

ရှိပေသည် -------

ကုန်ကျငွေတွင် ခုနေကိန်းမှန်တော့ တစ်ကုဋေနှင့် ငါးသန်းကျော်ပေသည်--

ရေမှအမြင့်ကြွေးကြော်ပြန်လျှင် ----- သြော် ------- ရေမှအမြင့် ကြွေးကြော်ပြန်လျှင်

လေးဆယ်ကျော် ငါးပေစွန်းပါလို့ တံတားအညွှန်း ရေးခဲ့ပါသည်။ တေးဖွဲ့စာစီ ------

ထပါနော် ------ မရာကျော် ဂဟေဆက်လို့ ရွှေကြက်ယက် ဘုရားဖူးပြီးတော့

စစ်ကိုင်းတံတားထူးကြမည်။

မေကညာ ရွှေညာသူတွေ ပုသိမ်ထီးနဲ့ စိန်ဘီးနဲ့ သနပ်ခါးလူးပြီးတော့

စစ်ကိုင်းတံတားကူးကြမည်။

နေညိုညိုငယ်ရီ - ရွှေဘိုသူတွေလာပြန်ပြီ တံတားထိပ်မှာ ထမင်းချက်လို့

ဟင်းရွက်ကလေးလည်း သွားခူးမည်။

တံတားဆက်ပြီးပြီ သွားမည့်ခရီးသည် ငှက်သမ္ဗာန်ကူးတို့ဆိပ်က ပို့ကြ

ရှာသည်။

အခုများတလီ ------------- ဗမာလူမျိုးတွေ အလုပ်မရှိတော့ တံတာကြီးကို

ကြည့်ကာ ငိုမိသည်။ ငိုမိပါသည်။

မြန်မာပြန် အဆန်းပေါ်သရွှေ့ နန်းတော်ရှေ့စီရေးသည်။

ကံဆုံ ရန်ကုန်မြို့က ကြည့်ရန်လာပြန်သည်။ သတင်းမြစကား အင်းဝ

တံတားလို့ နှုတ်ဖျားအောင်လံချီတဲ့ခင်ဗျာ့။

တေးရေး-နန်းတော်ရှေ့ဆရာတင်

အပေါ်ကသီချင်းကတော့ နန်းတော်ရှေ့ဆရာတင်ရေးသားခဲ့တဲ့ဂန္ဓ၀င်သီချင်း

ကြီးတစ်ပုဒ်ပါ။ မြန်မာပြည်ရဲ့ပထမဆုံးတံတား(သံဘောင်တံတား)နှင့်ပတ်သတ်၍ရေးဖွဲ့

ထားတဲ့သီချင်းတစ်ပုဒ်ဖြစ်မယ်ထင်ပါတယ်။ ရှေ့မှီနောက်မှီ ပညာရှင်တစ်ဦးကရှာဖွေပေး

လိုက်တဲ့ ရှားရှားပါးပါးသီချင်းလေးတစ်ပုဒ်ပါ။ ဒီသီချင်းမှာ တံတားကြီးပြီးကာစ မြင်ကွင်း

ကိုပီပီပြင်ပြင်ရေးဖွဲ့ထားပါတယ်။ တံတားကြီးရဲ့ အရွယ်အစား ကိုတိတိကျကျရေးဖွဲ့

ထားတအပြင် ကိုလိုနီခေတ်ရဲ့ တံတားပတ်ဝန်းကျင်ရှိလူမှုဝန်းကျင် အစုံကိုလည်း ရေးဖွဲ့

ထားပါတယ်။ ယခုခေတ် နအဖတေးရေးဆရာများဖြစ်ကြသည့် ဟင်္သာတမြင့်ငွေ။

အကော်ဒီယံအုန်းကျော်(ပေါင်းစား တောင်းစား)တေးရေးဆရာများ၏ စာသားများနှင့်

ယှဉ်လျှင်အပြတ်အသတ်ကွာခြားမှန်း ဖတ်ကြည့်ရုံနှင့်သိသာသည်။ နန်းတော်ရှေ့

ဆရာတင်သာ ယခုအထိများရှိနေသေးလျှင် နအဖ အဖွဲ့တံတားဆောက်လို့ အိမ်

အရွှေ့ခံရ ဘ၀တွေပျက်၊စီးပွားတွေပျက်နှင့်ဒုက္ခအခက်အခဲများရင်ဆိုင်နေရတဲ့

ရွှေဗမာများရဲ့အကြောင်းကို ဘယ်လောက်များရေးဖွဲ့နေမယ်မသိပါဘူး။

Wednesday, July 9, 2008

သန်းရွှေ၏နိဂုံး


*ယော ဒဏ္ဍေန အဒဏ္ဍေသု ၊ အပ္ပဒုဋ္ဌေသု ဒုဿတိ၊

ဒသႏၷမညထရံ ဌာနံ ၊ ခိပၸေမ၀ နိဂစ ၦတိ။

ဓမ္မပဒ ၊ ဒဏ္ဍ၀ဂ္ဂသုတ်။

အပြစ်ဒဏ်ကင်း၍ မပြစ်မှားထိုက်သော (ရဟန်း)ပုဂ္ဂိုလ်တို့၌ တုတ်၊လှံတံ

စသည်ဖြင့် ပြစ်မှားသောသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့

တွင်တစ်ပါးပါးသော ဆင်းရဲခြင်းသို့ လျင်မြန်စွာပင် ရောက်ရပေ၏။

*ဝေဒနံ ဖရုသံ ဇာနိံ ၊ သရီရဿ စ ဘေဒနံ၊

ဂရုကံ ၀ါပိ အာဗာဓံ ၊ စိတ္တက္ခေပဉ္စ ပါပုဏေ ။

*ရာဇတော ၀ါ ဥပဿဂ္ဂံ ၊ အဗ္ဘက္ခာနဉ္စ ဒါရုဏံ၊

ပရိက္ခယံ ၀ ဥာတီနံ ၊ ဘောဂါနဉ္စ ပဘင်္ဂုနံ။

*အထ ၀ါဿ အဂါရာနိ ၊ အဂ္ဂိ ဍယှတိ ပါဝကော၊

ကာယဿ ဘေဒါ ဒုပ္ပညော ၊ နိရယံ သောပပဇ္ဇတိ။

ဓမ္မပဒ ၊ ဒဏ္ဍ၀ဂ္ဂသုတ်။

(၁) ပြင်းထန်းသော ဝေဒနာဖြစ်ခြင်းသို့လည်းကောင်း ၊

(၂) ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊

(၃) (လတ်ပြတ်ခြေပြတ်စေသာ) ကိုယ်အင်္ဂါ ချွတ်ယွင်း

ပျက်စီးခြင်းသို့ လည်းကောင်း၊

(၄) ကြီးလေးသည့် (နူနာစသည့်)အနာစွဲကပ်ခြင်းသို့လည်းကောင်း၊

(၅) ရူးသွပ်ခြင်း ၊ စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊

(၆) ကြမ်းကြုတ်စွာ အစွပ်စွဲခံရခြင်းသို့လည်းကောင်း၊

(၇) ဆွေမျိုးတို့ ပျက်စီးခြင်းသို့လည်းကောင်း ၊

(၈) စည်းစိမ်ဥစ္စာတို့ ယိုယွင်းပျက်စီးခြင်းသို့လည်းကောင်း၊
(၉) မင်းဘေးသင့်ခြင်းသို့ လည်းကောင်း၊

(၁၀) ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိ မီးသည်လည်းကောင်း ၊

လောင်မီးသည်လည်းကောင်း ၊ လောင်းတတ်ပေ၏။

ပညာကင်းမဲ့သော ထိုသူသည် ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်၌

ငရဲသို့ လားရောက်ရတော့၏။