Monday, August 25, 2008

မန္တလေးကလုံထိန်းများ

ကျွန်တော်ဒီနေ့ကိုဖိုးတရုပ်ကြီးရဲ့ Post တစ်ခုကိုဖတ်လိုက်ရပါတယ်။ စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အတွက်ကြောက်လန့်နေတဲ့ လုံထိန်းကား
များရဲ့ပုံပါ။ ယခုလည်းမန္တလေးမှာအလားတူဖြစ်ရပ်မျိုးဖြစ်ပျက်နေပါတယ်။ နေရာ
ကတော့ လမ်း(၈၀)၊ ၃၄ x ၃၅လမ်း ကြား မန္တလေးတက္ကသိုလ် (ယခင် လဖုန်း
ကျောင်းဝင်း) ထဲမှာတရုပ်လုပ်လုံထိန်းကား(၁၀)စီးဝန်းကျင်ခန့်နှင့်ရဲသားများ (၂၄)
နာရီ အချိန်ပြည့် တပ်စွဲထားပါတယ်။ ဒီတပ်ဟာလွန်ခဲ့တဲ့တစ်လ၀န်းကျင်ခန့်
ကတည်းက တပ်စွဲထားတာပါ။ နေရာဟာမန္တလေးမြို့ရဲ့ဘုန်းကြီးကျောင်းအများဆုံး
ရှိရာ ဘုရားကြီးနှင့်အနီးဆုံးနေရာတွင်ရှိပါ တယ်။ ကင်မရာ
ရိုက်ရန် ကင်မရာရဲ့
zoom အခက်အခဲ၊ရိုက်ကူးရန်နေရာ(ဂိတ်ပေါက်ဝတွင် အစောင့်များရှိနေသော
ကြောင့်) မလွယ်သောကြာင့် တောင်းပန်အပ်ပါသည်ခင်ဗျား။



SmileyCentral.com