Wednesday, July 9, 2008

သန်းရွှေ၏နိဂုံး


*ယော ဒဏ္ဍေန အဒဏ္ဍေသု ၊ အပ္ပဒုဋ္ဌေသု ဒုဿတိ၊

ဒသႏၷမညထရံ ဌာနံ ၊ ခိပၸေမ၀ နိဂစ ၦတိ။

ဓမ္မပဒ ၊ ဒဏ္ဍ၀ဂ္ဂသုတ်။

အပြစ်ဒဏ်ကင်း၍ မပြစ်မှားထိုက်သော (ရဟန်း)ပုဂ္ဂိုလ်တို့၌ တုတ်၊လှံတံ

စသည်ဖြင့် ပြစ်မှားသောသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့

တွင်တစ်ပါးပါးသော ဆင်းရဲခြင်းသို့ လျင်မြန်စွာပင် ရောက်ရပေ၏။

*ဝေဒနံ ဖရုသံ ဇာနိံ ၊ သရီရဿ စ ဘေဒနံ၊

ဂရုကံ ၀ါပိ အာဗာဓံ ၊ စိတ္တက္ခေပဉ္စ ပါပုဏေ ။

*ရာဇတော ၀ါ ဥပဿဂ္ဂံ ၊ အဗ္ဘက္ခာနဉ္စ ဒါရုဏံ၊

ပရိက္ခယံ ၀ ဥာတီနံ ၊ ဘောဂါနဉ္စ ပဘင်္ဂုနံ။

*အထ ၀ါဿ အဂါရာနိ ၊ အဂ္ဂိ ဍယှတိ ပါဝကော၊

ကာယဿ ဘေဒါ ဒုပ္ပညော ၊ နိရယံ သောပပဇ္ဇတိ။

ဓမ္မပဒ ၊ ဒဏ္ဍ၀ဂ္ဂသုတ်။

(၁) ပြင်းထန်းသော ဝေဒနာဖြစ်ခြင်းသို့လည်းကောင်း ၊

(၂) ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊

(၃) (လတ်ပြတ်ခြေပြတ်စေသာ) ကိုယ်အင်္ဂါ ချွတ်ယွင်း

ပျက်စီးခြင်းသို့ လည်းကောင်း၊

(၄) ကြီးလေးသည့် (နူနာစသည့်)အနာစွဲကပ်ခြင်းသို့လည်းကောင်း၊

(၅) ရူးသွပ်ခြင်း ၊ စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊

(၆) ကြမ်းကြုတ်စွာ အစွပ်စွဲခံရခြင်းသို့လည်းကောင်း၊

(၇) ဆွေမျိုးတို့ ပျက်စီးခြင်းသို့လည်းကောင်း ၊

(၈) စည်းစိမ်ဥစ္စာတို့ ယိုယွင်းပျက်စီးခြင်းသို့လည်းကောင်း၊
(၉) မင်းဘေးသင့်ခြင်းသို့ လည်းကောင်း၊

(၁၀) ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိ မီးသည်လည်းကောင်း ၊

လောင်မီးသည်လည်းကောင်း ၊ လောင်းတတ်ပေ၏။

ပညာကင်းမဲ့သော ထိုသူသည် ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်၌

ငရဲသို့ လားရောက်ရတော့၏။

Tuesday, June 24, 2008

ဘယ်သူသေသေ ငတေမာပြီးရော

မန္တလေးက အမြင်မတော်စရာအဖြစ်အပျက်တစ်ခုပါ။ နေရာကတော့လမ်း(၈၀)
(၂၃)လမ်းဒေါင့်ကမြင်ကွင်းပါ။ တိုက်ကြီးတစ်လုံး မှာတစ်ဘက်အခန်းက ကလေး
မူကြို တစ်ဘက်အခန်းက အရက်ဆိုင်ပါ။ ခွင့်ပြုမိန့်ချပေးတဲ့ သက်ဆိုင်ရာ လူကြီး
များရဲ့ အမြေုာ်အမြင် ကြီးမှုကိုတော့ အော့နှလုံးနာမိပါရဲ့။ မယုံလျှင်မန္တလေး
ရောက်လျှင် လာရောက်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ။