Friday, September 19, 2008

မြန်မာပြည်ကလျှပ်စစ်


အခုမြင်နေရတဲ့ပုံကတော့ လွန်ခဲ့တဲ့သုံးလေးလက မြို့တော်ဥယျာဉ်သွားရင်းအမှတ်မထင်
ရရှိလိုက်တဲ့ပုံလေးပါ။ ရေလွှာမိကျောင်းစီးရင်း မီးပျက်သွားလို့ထိပ်ဆုံးမှာတန်းလန်းကြီး
ဖြစ်နေတ်ာကို ၀န်ထမ်းများကသွားရောက်ကယ်တင်နေရတဲ့မြင်ကွင်းပါ။ လွန်ခဲ့တဲ့နှစ်များ
အနည်းက ရန်ကုန်မှာကောလဟာလဖြစ်လိုက်ပါသေးတယ်။ ဂျာနယ်အချို့မှာတောင် ပါ
လိုက်ပါသေးတယ်။ ရန်ကုန်မှာမြေအောက်ရထားဆောက်မလို့တဲ့။ မြေအောက်ရထားဆို
တဲ့အရာကလည်း လျှပ်စစ်နဲ့ပြေးရတာဆိုတော့ မတော်မဆမြေအောက်လှိုဏ်ခေါင်းထဲ
ရထားမောင်းနေတုန်း မီးပြတ်မှ ကနောင်တို့ရွှေမြန်မာတွေဒုက္ခရောက်ရင်အခက်။
ကနောင်တို့ရွှေနိုင်ငံကြီးကလည်း အရေးကြီးပါတယ်ဆိုတဲ့ဆေးရုံတွေတောင် မီးကမှန်ချင်
တာမို့တွေးမိတိုင်းကြက်သိန်းထမိပါရဲ့ရွှေမြန်မာတို့ရေ.................

Thursday, September 18, 2008

မန္တလေးကအနုကြမ်းစီးမှု

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးမြို့ ဘုရားကြီးဘက်တွင် အနုကြမ်းစီးမှုဖြစ်
ပွားခဲ့သည်။ အနုကြမ်းအစီးခံရသူမှာ မန္တလေးမြို့၏ နာမည်ကြီးကျောင်းဖြစ်သော
အထက(၈)ကျောင်းအုပ်ကြီးဟောင်း ဒေါ်ခင်ရီသော်ဖြစ်သည်။ ဖြစ်ပွားပုံမှာဒေါ်ခင်
ရီ သော်၏တူများနေ့ခင်းဘက်အိမ်တွင်မရှိခိုက် အသက်(၃၀)၀န်းကျင်ရှိ လူငယ်
တစ်ဦးဝင်ရောက်လာကာ ဒေါ်ခင်ရီသော်အား ဓားဖြင့်ထောက်ကာ အလေးချိန်
(၂)ကျပ်ခွဲသားခန့်ရှိသောလက်ကောက်အား ချွတ်ယူထွက်ပြေးသွားခြင်း ဖြစ်
သည်။ ထိုကျောင်းအုပ်ဆရာမကြီးဟောင်း ဒေါ်ခင်ရီသော်မှာ တစ်ချိန်က(BBC)
မှ အဂတိလိုက်စားခြင်းနှင့် ပတ်သတ်၍ သတင်းလွှင့်ခြင်းခံရသော ဆိုးသွမ်းဝန်
ထမ်းဖြစ်ကြောင်း ကျောင်းသူဟောင်းတစ်ယောက်မှ ပြောပြသည်။ ပြည်သူများ
ထံမှ မတရားသောနည်းလမ်းဖြင့် ရယူထားသောပိုက်ဆံများ မတရားသောနည်း
လမ်းဖြင့် လုယက်ခြင်းခံရခြင်းမှာ သံဝေဂရဖွယ်ဖြစ်ပါသည်။