*ေယာ ဒေ႑န အဒေ႑သု ၊ အပၸဒုေ႒သု ဒုႆတိ၊
ဒသႏၷမညထရံ ဌာနံ ၊ ခိပၸေမ၀ နိဂစ ၦတိ။
ဓမ္မပဒ ၊ ဒဏ္ဍ၀ဂ္ဂသုတ်။
အပြစ်ဒဏ်ကင်း၍ မပြစ်မှားထိုက်သော (ရဟန်း)ပုဂ္ဂိုလ်တို့၌ တုတ်၊လှံတံ
စသည်ဖြင့် ပြစ်မှားသောသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့
တွင်တစ်ပါးပါးသော ဆင်းရဲခြင်းသို့ လျင်မြန်စွာပင် ရောက်ရပေ၏။
*ဝေဒနံ ဖရုသံ ဇာနိံ ၊ သရီရဿ စ ဘေဒနံ၊
ဂရုကံ ၀ါပိ အာဗာဓံ ၊ စိတ္တက္ခေပဉ္စ ပါပုဏေ ။
*ရာဇတော ၀ါ ဥပဿဂ္ဂံ ၊ အဗ္ဘက္ခာနဉ္စ ဒါရုဏံ၊
ပရိက္ခယံ ၀ ဥာတီနံ ၊ ဘောဂါနဉ္စ ပဘင်္ဂုနံ။
*အထ ၀ါဿ အဂါရာနိ ၊ အဂ္ဂိ ဍယှတိ ပါဝကော၊
ကာယဿ ဘေဒါ ဒုပ္ပညော ၊ နိရယံ သောပပဇ္ဇတိ။
ဓမ္မပဒ ၊ ဒဏ္ဍ၀ဂ္ဂသုတ်။
(၁) ပြင်းထန်းသော ဝေဒနာဖြစ်ခြင်းသို့လည်းကောင်း ၊
(၂) ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊
(၃) (လတ်ပြတ်ခြေပြတ်စေသာ) ကိုယ်အင်္ဂါ ချွတ်ယွင်း
ပျက်စီးခြင်းသို့ လည်းကောင်း၊
(၄) ကြီးလေးသည့် (နူနာစသည့်)အနာစွဲကပ်ခြင်းသို့လည်းကောင်း၊
(၅) ရူးသွပ်ခြင်း ၊ စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊
(၆) ကြမ်းကြုတ်စွာ အစွပ်စွဲခံရခြင်းသို့လည်းကောင်း၊
(၇) ဆွေမျိုးတို့ ပျက်စီးခြင်းသို့လည်းကောင်း ၊
(၈) စည်းစိမ်ဥစ္စာတို့ ယိုယွင်းပျက်စီးခြင်းသို့လည်းကောင်း၊
(၉) မင်းဘေးသင့်ခြင်းသို့ လည်းကောင်း၊
(၁၀) ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိ မီးသည်လည်းကောင်း ၊
လောင်မီးသည်လည်းကောင်း ၊ လောင်းတတ်ပေ၏။
ပညာကင်းမဲ့သော ထိုသူသည် ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်၌
ငရဲသို့ လားရောက်ရတော့၏။
No comments:
Post a Comment