Thursday, September 18, 2008

မန္တလေးကအနုကြမ်းစီးမှု

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးမြို့ ဘုရားကြီးဘက်တွင် အနုကြမ်းစီးမှုဖြစ်
ပွားခဲ့သည်။ အနုကြမ်းအစီးခံရသူမှာ မန္တလေးမြို့၏ နာမည်ကြီးကျောင်းဖြစ်သော
အထက(၈)ကျောင်းအုပ်ကြီးဟောင်း ဒေါ်ခင်ရီသော်ဖြစ်သည်။ ဖြစ်ပွားပုံမှာဒေါ်ခင်
ရီ သော်၏တူများနေ့ခင်းဘက်အိမ်တွင်မရှိခိုက် အသက်(၃၀)၀န်းကျင်ရှိ လူငယ်
တစ်ဦးဝင်ရောက်လာကာ ဒေါ်ခင်ရီသော်အား ဓားဖြင့်ထောက်ကာ အလေးချိန်
(၂)ကျပ်ခွဲသားခန့်ရှိသောလက်ကောက်အား ချွတ်ယူထွက်ပြေးသွားခြင်း ဖြစ်
သည်။ ထိုကျောင်းအုပ်ဆရာမကြီးဟောင်း ဒေါ်ခင်ရီသော်မှာ တစ်ချိန်က(BBC)
မှ အဂတိလိုက်စားခြင်းနှင့် ပတ်သတ်၍ သတင်းလွှင့်ခြင်းခံရသော ဆိုးသွမ်းဝန်
ထမ်းဖြစ်ကြောင်း ကျောင်းသူဟောင်းတစ်ယောက်မှ ပြောပြသည်။ ပြည်သူများ
ထံမှ မတရားသောနည်းလမ်းဖြင့် ရယူထားသောပိုက်ဆံများ မတရားသောနည်း
လမ်းဖြင့် လုယက်ခြင်းခံရခြင်းမှာ သံဝေဂရဖွယ်ဖြစ်ပါသည်။

No comments: